Sunday, June 26, 2016

ပြီးခဲ့တဲ့ရက်က Rapper Kanye West ရဲ့ Famous သီချင်းအတွက်
Music Video ထွက်ရှိလာပါတယ်။ ၄င်း Music Video မှာ သီချင်းဖြစ်အောင် ကူညီခဲ့တဲ့သူတွေ , သီချင်းကိစ္စနဲ့ ပြသနာရှိတဲ့သူတွေနဲ့ အခြားနာမည်ကြီးတချို့ရဲ့ အဝတ်ဗလာပုံတွေနဲ့အိပ်နေပုံတွေပါဝင်ပါတယ်။ ၄င်းသူတွေကတော့ George W. Bush, Donald Trump, Anna Wintour, Rihanna, Chris Brown,Taylor Swift, Kanye West, Kim Kardashian, Ray J., Amber Rose, Caitlyn Jenner, နဲ့ Bill Cosby တို့ဖြစ်ပါတယ်။ ခွင့်ပြုချက်အနေနဲ့ Kanye ဟာ သူရဲ့ဇနီး ဆီမှခွင့်ပြုချက်ယူထားပြီး အခြားသူတွေဆီမှတော့ ခွင့်ပြုချက်မယူထားပါဘူး။
ဒီ Music Video မှာပါဝင်ထားသမျှလူပုံတွေဟာ အစစ်တွေမဟုတ်ပါဘူး။ အကုန်လုံးဟာ ပုံစံတူအောင်ပြင်ထားတဲ့သူအချို့နဲ့ အရုပ်အချို့ကိုသာပြင်ထားခြင်းဖြစ်ပါတယ်။ Kanye မှအပ အခြားသူတွေဟာ Music Video မှာပါဝင်ထားတာမဟုတ်သလို Kim မှအပအခြားသူတွေဟာလည်း ခွင့်ပြုချက်မပေးထားပါဘူး။
Rihanna , Chris Brown အစရှိတဲ့သူတွေနဲ့ Kanye နဲ့ဟာ အနုပညာ အလုပ်တွေနဲ့ပါတ်သက်ပြီး တွဲဖက်လုပ်ကိုင်မှုတွေမကြာခနလုပ်ကိုင်တဲ့သူတွေဖြစ်တာကြောင့် သူတို့ကြားထဲမှာတော့ ပြသနာသိပ်ကြီးမားမှာမဟုတ်ပေမယ့် ဒီကိစ္စတွေနဲ့အပြင်ဘက်ကဖြစ်တဲ့ လက်ရှိအမေရီကန်ရွေးကောက်ပွဲမှာ သမ္မတ အနေနဲ့ရွေးကောက်ခံမာ့် Donal Trumpအနေနဲ့ဘယ်လိုတုန့်ပြန်မလဲစောင့်ကြည့်ရမှာပါ။ နောက်ပြီး MV မထွက်ခင် သီချင်းစားသားပိုင်းမှာပါ ပြသနာတက်ခဲ့တဲ့ Taylor Swift ကရော ခွင့်ပြုချက်မယူုပဲ သူမပုံကိုထည့်သွင်းခဲ့တဲ့အတွက် ဘယ်လိုလုပ်လာမလဲ စောင့်ကြည့်ကြရမှာပါ။
Famous အတွက် Music Video ဟာ ရိုက်ကူးချိန်၃လကြာမြင့်ခဲ့ပြီး ယခင်က Version 2မျိုးရိုက်ကူးခဲ့ပေမယ့် ၄င်း၂မျိုးလုံးကိုပယ်ဖျက်ပြီး ယခုနောက်ဆုံးရိုက်ကူးထားတဲ့ ဒီ Version ကိုပဲဖြန့်ချီခဲ့တာဖြစ်ပါတယ်။